ဆိုင်ကယ်ရပ်မှုကြောင့် အချင်းများ…ညှစ်အားပိုလို့ သေရသူ….

လွန်ခဲ့သည့် ဧပြီလ ၁၉ ရက်နေ့ က တရုတ်နိုင်ငံ၊ ဟိုင်နန်ပြည်နယ်၊
ဟိုက်ကိုမြို့ တွင်ဖြစ်ပွားခဲ့ သည့် ယာဉ်ရပ်နားရန်နေရာအငြင်းပွားမှုတစ်ခုတွင်
မော်တော်ဆိုင်ကယ်စီးသူ အမျိုးသမီးတစ်ဦးမှ အမျိုးသားတစ်ဦးဝှေးစေ့ အား
ညှစ်ပစ်ခဲ့သဖြင့် ထိုအမျိုးသားသေဆုံးခဲ့ ရပါတယ်…

အသက် ၄၁ နှစ်အရွယ်ရှိအဆိုပါအမျိုးသမီးဟာ ဟိုက်ကိုမြို့ မေလန်အရပ်ရှိ
မူလတန်းကျောင်းသို့ သူမ၏ကလေးအား ကြိုဆိုခေါ်ဆောင်ရန် ဆိုင်ကယ်ဖြင့်  Continue reading

အခုတစ်လော စာမရေးဖစ်တာ အတော်ကြာပီခင်ဗျ။ မရေးဖစ်တာကလည်း ကိုယ်လုပ်ချင်ရာတွေ လျှောက်လုပ်နေတာပါ :D ။ Dota ခုတ်လိုက်၊ စာအုပ် ဖတ်လိုက်၊ ဂစ်တာ တီးလိုက်ပဲ။ စကားလာပြောတဲ့ လူတိုင်းကိုလည်း Busy ဆိုတာချည်းဗြဲ လုပ်လွန်းလို့ လူတော်တော်များများတောင် အနော်နဲ့ မချက်တော့ ဝူးယော :P ။ ငဇူး သောက်ကြီးကျယ်ဆိုပီးလေ။ :D
ဒါပေ့ မယ် အခုရေးမဲ့ ဇာတ်လမ်းကတော့ …. ကိုယ်တွေ့ ဗျ။ ရေးချင်စိတ်လေးလည်း ဖစ်သွားတယ်။ ပေါ်တင်ကြီး အထုခံရတာဆိုတော့  :D ။ ဖြစ်ပုံက ဒီလိုရယ်။

အနော် ဘ၀မှာ “သေပြေး ရှင်ပြေး” များတယ်ဆိုတာကို တစ်ချို့ တစ်လေက ယုံကြည်ချင်မှ ယုံကြည်ပါလိမ့် မယ်။ ဟိုတစ်လောက “အဲဒီအိမ် လူမနေဖူး” ဆိုတဲ့ ဆောင်းပါးကို ရေးတုန်းက ဖေ့ ဘုတ် (Facebook) မှာ လူတော်တော်များများက မဖြစ်နိုင်ဘူးဆိုတဲ့ အထာတွေနဲ့ Comment တွေ ရေးကြတယ်။ အနော်လည်း မဖြစ်နိုင်ဘူးထင်ရင်လည်း မတတ်နိုင်ဘူးဆိုပီး အဲဒီပိုစ်ကို “ပေတလောက” ကနေ ဖျက်ချလိုက်တယ်။
အခုတစ်ခေါက် နယ်ပြန်တော့ … အဲဒီအိမ်က တော်တော်ရေပန်းစားနေပီ :D ။ ကျွန်တော်ရေးတုန်းက အဲဒီအိမ်ရှိတဲ့ လမ်းလောက်ပဲ သိကြတာ။ အခုဆို တစ်မြို့ လုံး သိနေကြပြီ။ သရဲမကလည်း ပိုပိုဆိုးလာတယ်ထင်ပါတယ်ဗျာ။
အနော်ကတော့ … အရင်လိုပဲ… ညဆို ည ၁၁ နာရီ၊ ၁၂ နာရီ အဲဒီအိမ်ရှေ့ က ဖြတ်လို့ ကောင်းတုန်း။
ပြီးတော့ … အခုပြောပြမဲ့ ဇာတ်လမ်းက အဲဒီအိမ်နဲ့ တော့ မဆိုင်ပါဘူး။ ကျွန်တော် ထပ်ကြားလာခဲ့ တာလေးတွေကို ဖေါက်သည်ချတာပါ။ Continue reading

ယနေ့  ပျော်၏
စိတ်ထဲတွင် အပူအပင်မရှိ၊
သံယောဇဉ်တွေ ကုန်၏
ပူဆွေးမှုတို့ လွန်၏
တမ်းတမှုတို့ နိတ္ထိ
ရင်ထဲတွင် ဗလာသာ ကျန်၏…
ထို့ ကြောင့် … ပျော်၏…။

နှလုံးသားသည် ရှိမြဲအတိုင်း
update ဖြစ်၏
မလိုလားအပ်သော Virus ကင်း၏
မရှင်းဖြစ်သော Program တစ်ချို့ သည်
အကောင်းပကတိ အလုပ်လုပ်၏
ထို့ နောက် အသစ်ဖြစ်သော..
အဆုတ်တို့ သည် …
အေးမြသော…လေကို ရှူကြကုန်၏
ထို့ ကြောင့် ပျော်၏..။
Continue reading

Massage ပေါင်း 800 ကျော်တဲ့ အထိ
Phone Call ပေါင်း 500 ကျော် အထိ
စကားလုံးပေါင်း သိန်းသန်းကုဋေ ကျော်တဲ့ အထိ…

နေ့ ရက်ပေါင်းများစွာ
နှလုံးသားနံရံမှာ မှတ်တမ်းတွေကို  
လတ်လတ်ဆတ်ဆတ် ချရေးတယ်
နောက်ဆုံးတော့ …
သူမ…
ခြေဖ၀ါး လှလှလေးတွေနဲ
နင်းခြေ ဖျက်စီး သွားတာချည်းပါပဲ…

သို့ ပေ့ မယ်
ခြောက်ကပ်နေတဲ့ မျက်ဝန်းတစ်စုံနဲ့ 
ချောင်ကျနေတဲ့ မျက်တွင်း တစ်စုံ…
ထို့ နောက် …
သွေးလည်ပတ်မှု မရှိတော့ တဲ့ 
ခန္ဓာကိုယ် တစ်ခုက တစ်ဆတ်ဆတ်တုန်လို့ 
ချစ်ရသူ …
သူမကို ….. တမ်းတနေတုန်း။ Continue reading

အထက်အညာရဲ့ … လွင်ပြင်တစ်ခုဟာ အရင်နေ့ တွေ အတိုင်း … ပူခြောက်၊ ပူခြောက်နဲ့ ။
တစ်ခါတစ်လေ… လေတစ်ချက်အဝေ့ မှာ … အပူဓါတ်သေးသေးလေးတွေက လူတွေကြားထဲ တိုးဝှေ့  ဖြတ်သန်းတယ်။
အိုက်စပ်လှတဲ့ နေ့ ရက်တွေပါပဲ။

“ဂျုံးဂျုံး၊ ဂျက်ဂျက်” နဲ့ မီးရထားတစ်စင်းဟာလည်း ယခင်လိုပဲ နွေပင်လယ်ကို ဖြတ်လို့ ။
အခြေခံလူတန်းစားတွေအတွတ် ကမ္ဘာက အသိအမှတ်ပြုထားတဲ့ ရိုးရိုးတန်းဆိုတဲ့ အတွဲမှာ လူမျိုးကတော့ … ပေါင်းစုံ၊
ထို့ နောက်မှာ ချွေးနံ နည်းနည်းနဲ့ အရက်နံ တစ်ချို့ က လေထုနဲ့ အတူ ရထားတွဲထဲမှာ ပျံလွှင့်လို့ ။

ပြတင်းပေါက်နားက သစ်သားခုံတန်းတစ်ခုမှာ ပေတိ၊ ပေစုတ် သားအမိ နှစ်ယောက်က ခရီးသွား အဖြစ်နဲ့ လိုက်ပါလာတယ်။ (၅) နှစ်သားအရွယ်ရှိတဲ့ ချစ် စဖွယ် ခလေးငယ်ဟာ ပြတင်းပေါက်ကို ငေးလို့ … အပြင်ဘက်က ရှုခင်းတွေကို ခံစားနေလေရဲ့ ။ မိခင်ကတော့ … မှိုင်းညို့ ညို့ မျက်ဝန်းတွေနဲ့ …. သူမရဲ့ စလင်းဘတ်အိတ်လေးကို ရင်ခွင်မှာဖက်တွယ်ထားတယ်။ အနာဂတ်အတွတ် အတွေးတွေလည်း လွန်နေတယ်ထင်ပ။ တစ်ချက် တစ်ချက်ဆို မှိုင်တွေနေတာ မြင်မကောင်းဘူး။ Continue reading

သရဲအကြောင်းတွေလည်း မရေးဖစ်တာ ကြာပါပီ။ ရေးစရာတွေက ရှိပေ့ မယ် တစ်ချို့ သောအကြောင်းတွေက အရင်လို ဇာတ်သိမ်းတွေဘာတွေနဲ့ ရေးလို့ မရဘူး ဖစ်နေတာ။ သရဲလား တွေ့ လိုက်တယ်။ ဒီလောက်ပဲ :D ။ ဒီတော့ အနော် အခု
တွေ့ ခဲ့ ဖူးတဲ့ တစ်ခန်းရပ် သရဲတစ္ဆေများအကြောင်းကို ရေးလိုက်ပါတယ်။ ဒါလေးတွေက ထူးလည်း ထူးဆန်းမယ်။ ဗဟုသုတလည်း ရမယ် ထင်ပါတယ်။ ပြီးတော့ ဒီပိုစ်ကို အနော် ပြောပြတာချည်း သက်သက် မဟုတ်ပဲနဲ့ ဆွေးနွေးတဲ့ ပုံစံလေး ဖြစ်စေချင်ပါတယ်။ ဖြစ်ပုံက ဒီလိုရယ်ပါ။

အနော် ဦးလေးတစ်ယောက် လွန်ခဲ့ တဲ့ သုံးလ လောက်ကဆုံးသွားတယ်။ သူ့ ဆုံးသွားတော့ … သူနေတဲ့ အိမ်ကြီးထဲမှာ သူ့ အမေရယ်၊ သူ့ သမီးလေးရယ် ကျန်ခဲ့ တယ်ဗျာ။ အဲဒီအိမ်မှာကလည်း သုံးယောက်တည်းနေကြတာရယ်။ ယောင်္ကျားသားဆိုလို ဒီဦးလေးတစ်ယောက်ပဲ ရှိတယ်။ ပြီးတော့ ဦးလေးဆုံးရတာကလည်း အရက်ကြောင့် ဆုံးသွားရတာ။
သူက အရက်အရမ်းကြိုက်တယ်။ ဒီတော့ … သူ့ သမီးနဲ့ သူ့ တူမက သူ့ အသုဘမှာ “အဖေက အရက်ကြိုက်တတ်တယ်” ဆိုပြီး အလောင်းကောင်ရဲ့ ပါးစပ်ထဲကို ၀ီစကီ လေးပတ်ပြား တစ်ပြားစီ လောင်းထည့် လိုက်ကြတယ်။ အမှန်တော့ အဲဒါ မလုပ်သင့်တဲ့ အချက်ပါ။ Continue reading

အခုတစ်လော နေရ ထိုင်ရတာ မမိုက်ဘူးဗျာ။ တစ်မျိုးကြီးပဲ။ အဲဒါကြောင့် အနော် ငြိမ်နေတာလည်းပါတယ်။ အထီးကျန်သလို ခံစားနေရတယ်ဗျာ။ မိဘကလည်း အဝေးမှာ… အိမ်တစ်အိမ်လုံးကို အနော်ပဲ အုပ်ချုပ်ပြီးနေခဲ့ ရတယ်။
တစ်အိမ်လုံး ကိစ္စ ငဇူး ခေါင်းပေါ်မှာ :D
အိမ်ဖေါ် တစ်ယောက်ရဲ့ အကို ဆုံးသွားတယ်…. အဲဒါ ငဇူး ခေါင်းပဲ…။
အဖွား… နေမကောင်းဘူး… အဲဒါလည်း ငဇူး ခေါင်းပဲ…။
ညီလေး တစ်ယောက် စာမကျက်ဝူး အဲဒါလည်း ငဇူး ခေါင်း ပဲ…။
အမေနဲ့ အဖေရှိတဲ့ အချိန်မှာ တစ်အိမ်လုံးကိစ္စ သူတို့ တာဝန်ယူထားတာ။ အနော်က လှည့် ကို မကြည့် ဝူး။ အခု အနော်နဲ့ ဆိုင်လာတယ်။ ပတ်သတ်လာတယ်။ သားကြီး တစ်ယောက် တာဝန်ကို ယူရတယ်။ တကယ်တန်းတော့ လုံးလုံး မသက်သာတာဗျို့ ။ မလွယ်ဘူး။ အချောင်နေတတ်ရင်တော့ ရပါတယ်… သို့ ပေ့ မယ် ကိုယ်က မနေတတ်ဘူး။ အဲဒီတော့ .. အားလုံးကိုယ်စား စိတ်ပူပေးရတယ်။ ဒီတော့  ကိုယ်ပင်ပန်းတယ်ဗျာ။

ပြီးတော့ … ဒီကြားထဲက ကာလတွေမှာ အနော် “ကံ” ဆိုတာကို ယုံလာတယ်။ မိတ်ဆွေတို့ ရော ယုံလား? :D ။ အနော် ဒီအကြောင်းတွေ ပြောပြချင်တယ်။ တော်တော်လေးတော့  ဂကျိုး ဂကြောင်နိုင်ပါတယ်။ အနော် အရင်စာတွေမှာလည်း ရေးဖူးပါတယ်။ ဒုက္ခ … ဆိုတာ အပေါင်းအဖော်နဲ့ လာပါတယ်လို့  :D ။ အဲဒီလိုပဲ အနော် အခု ရေနစ်သူလို ဖြစ်နေတယ်ဗျို့ ။အဲဒီလို ရေနစ်နေပါတယ်ဆိုမှ “ကံ” ဆိုတဲ့ အရာကလည်း အနော်ကို ၀ါးနဲ့ ထိုးချနေသလိုပဲ ခံစားရတယ်။ ဖြစ်ပုံက ဒီလိုရယ်ပါ။ Continue reading

မြင်ကွင်းသစ်တွေ …
တစ်ခါ ငယ် စဉ်တုန်းက ….
မရေရာတဲ့ ခရီးသွားအထာနဲ့ …
ပန်းခင်းတစ်ချို့ အကြောင်း လေ့ လာခဲ့ ဖူးတယ် …

မနက်ခင်းတိုင်း ကမ်းနားဈေးမှာ ပုံနေကြ…
လေဘေးသည်တို့ ရဲ့ … အသွင်အပြင်ထက် လှတယ်…
မရေရာဘူး… မသေချာဘူး… မမြင်နိုင်ဘူး..
ဒါပေ့ မယ် ..
ငြိမ်းချမ်းစေမယ်… အမြင်အေးမယ်… ကြည်နူးစေမယ်…
ကြိုက်တတ်ရင်…သင့်အိမ်ဘုရားပန်းအတွတ် အသင့်ဆင့်…။

ညနေခင်း ရွာတစ်ရွာရဲ့ အလှ
မြို့ တစ်ခုရဲ့  ည …
အတိတ်တစ်ခုရဲ့ အမှတ်တရ အဖြစ်..
ကိုယ်တိုင်ဖြတ်သန်းခဲ့  သူတိုင်းရဲ့ လက်မှာ…
သူ့ ရနံ့ တွေ ပါတယ်။ Continue reading

“ကဗျာ ပျက်တဲ့ ည”
သက္ကရာဇ်တွေ မပြိုခင် ညတစ်ညက
ကိုယ် … ဒီဂရီတွေတတ်…
ထို့ နောက်… လမ်းလျှောက် ထွက်တယ်။
မှတ်တိုင်တွေ တိုင်းဟာလည်း…
ဆိုင်းဘုတ်တွေ ချိတ်ဆွဲလို့ …
နည်းနည်း ရုပ်ပေါက်သလိုတော့ ရှိတယ်…
ပလက်ဖေါင်းမှာလည်း …
“ကိုယ် ဖြစ်…ကိုယ်ခံ” တို့ …
“ကိုယ့် သမိုင်း ကိုယ်ရေး” တို့ …
စိတ်ရှပ်တတ်ရင် … ဒီမြို့ မှာ
ကိုယ့် ကိုယ်ကို သတ်သေလိုက်ဖို့ ကောင်းတယ်။ Continue reading

ဒါလေးကို ရေးဖို့ စဉ်းစားမိတုန်းက … ကျွန်တော် ငယ်ငယ်က ဖတ်ဖူးတဲ့ … စာအုပ်တစ်အုပ် သွားသတိရတယ်ဗျ။ လူထု ဦးလှ ရေးတဲ့  “ကျွန်တော် သံလွင်ဖေါင်စီး” ဆိုတဲ့ စာအုပ်လေးပါ။ အရမ်းဖတ်လို့ ကောင်းတယ်ဗျာ။ သံလွင်မြစ်ထဲမှာ သစ်လုံးတွေကို စုပြီး ဖေါင်အဖြစ်မျော၊ အဲဒီအပေါ်မှာ လိုက်ပါလာတဲ့ ယောင်္ကျားသားတွေရဲ့ အကြောင်းကို ရေးထားတာ။ သစ်ဖေါင်စီးတဲ့ လူတွေ အားလုံးက ဒုက္ခတွေ သုတ်ခတွေနဲ့ ဗျာ။ အဲဒီရေပေါ်သစ်တွေ ပေါ်မှာလိုက်ပါလာရတာ။ အခန့် မသင့်လို့ သစ်ဖေါင်ကွဲတယ်ဆို … အသက်ဘေးအရမ်းနီးတာရယ်။ “မိန်းမမီးနေ … ယောင်္ကျားဖေါင်စီး” ဆိုတဲ့ စကားအတိုင်းပါပဲဗျာ။ အန္တရာယ်က တော်တော်များပါတယ်။ ဒီလိုတွေ အန္တရာယ်များနေပေ့ မယ်လည်း ဖေါင်စီးတဲ့ လူတွေက ရှိနေတုန်းပဲဗျ။ အသက်ဘေးကို ပမာဏ မထားပဲနဲ့ လေ။ ဒါပေ့ မယ် …. အဲဒီတုန်းက အနော် မတွေးတတ်ခဲ့ ဘူးဗျ။ ဘာလို့ များ … ဒီအလုပ်ကို လူတွေ လုပ်ကြသလဲလို့ လေ။ ကျွန်တော် တကယ် ဥာဏ်မမှီခဲ့ ပါဘူး။

ယနေ့ မှာတော့ ကျွန်တော် သိလိုက်ရတယ်ဗျ။ အဲဒီ အဖြေလေးကိုလေ။ လူတွေ ဘာလို့ လုပ်ကြသလဲ ဆိုတာလေးကိုပေါ့။
ငွေကြောင့်လို့ ကျွန်တော် ထင်တယ်ဗျာ။ သိလား။ လောကမှာ ငွေ ဟာ အရေးကြီးတယ်ဗျ။ လူတိုင်းဟာ ချမ်းချမ်းသာသာနဲ့ နေချင်တာချည်းပဲကိုး။ သိပ်မချမ်းသာ ချင်ပါဘူးလို့ တွေးတတ်တဲ့ အနော်လို လူမျိုးတောင် တွေးသာတွေးနေတာပါ။ လက်ထဲမှာ ငွေမရှိရင် နေကို မနေတတ်တာ :D ။  လောဘနည်းနည်းရှိတဲ့ လူလည်း လောဘနည်း သလို၊ များများရှိတဲ့ လူလည်း များများ ရှိသလို ငွေကို အငမ်းမရ ရှာဖွေတတ်ကြတယ်ဗျ။ ဒါကလည်း လူတွေရဲ့ အပြစ်မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။ ပိုက်ဆံရှိမှ အရာရာကို ဖန်ဆင်းနိုင်တယ်လေဗျာ။ ပိုက်ဆံမရှိရင် ထမင်းတနပ်တောင် ဘယ်သူမှ အလကား ကျွေးချင်တာ မဟုတ်ဘူးရယ်။ Continue reading

အခုတစ်လော သင်တန်းလေးပြီးသွားလို့ အနော် လေးငါးရက်လောက် ဆက်တိုက် နားပစ်ပလိုက်တယ် :D ။ ပြီးတော့  ကိုယ်လုပ်ချင်ရာတွေကို လုပ်နေခဲ့ တာများပါတယ်။ သရဲအကြောင်း၊ ဟာသ ဇာတ်လမ်းလေးတွေ၊ ရသ စာပေတွေ အနော့်၇င်ထဲမှာ ရှိတယ်။ သို့ ပေ့ မယ့် လည်း ခက်တော့ ခက်တယ်ဗျ။ တစ်ချို့ လူတွေက စာရေးတယ်ဆိုတာ အနုပညာလို့ ပြောကြတယ်။ ကျွန်တော် တိတိကျကျတော့ မသိပါဘူး။ ဒါပေ့ မယ် ကျွန်တော်က ဖီလ်းလာကိုပဲ လုပ်တတ်တယ်။ အခုလည်း စိတ်ထဲမှာ ဖီလ်းတတ်နေတာက ကဗျာတွေ။ အဲဒီတော့ ကဗျာတွေ ရေးတယ်။

ဒါပေ့ မယ် ရေးနည်း၊ ရေးဟန်တွေကို အရင်ကလို ကျွန်တော် မရေးချင်တော့ ဘူး။ အဲဒါနဲ့ ပန်းချီကားတွေကို Download လုပ်တယ်။ ပြီးရင် အဲဒီဟာတွေကို ထိုင်ကြည့် နေရင်းနဲ့  မျောနေမိတယ်။ တစ်နာရီကြာမယ်၊ နှစ်နာရီ ကြာချင်လည်း ကြာမယ်။ တစ်ခါတစ်လေဆို… ကျွန်တော် ထမင်းမေ့ ၊ ဟင်းမေ့ ငေးနေတတ်တယ်။ အဲဒီလို ငေးနေရင်းနဲ့ ပန်းချီကားထဲက အဖြစ်အပျက်တွေကို မြင်လာရတယ်ဗျ။ အဲဒါတွေကို ကျွန်တော် ချရေးတယ်။
အဲဒီထဲမှာ ဘ၀တွေ ရှိတယ်၊ မြင်ကွင်း တစ်ချို့ ရှိတယ်။ စသဖြင့်ပေါ့ဗျာ။ အမျိုးမျိုးရှိတယ်။ နောက်ဆုံး ပန်းချီကားကို ရေးဆွဲစဉ်က ပန်းချီဆရာရဲ့ စိတ်နေ၊ စိတ်ထား။ သူ စိတ်ညစ်နေသလား? သူ ပျော်ရွှင်နေသလား? စသဖြင့် အနော် ခံစားသိရှိလာရတယ်လို့ ထင်တာပဲ။ သက်သက် အချိန်ဖြုန်းခြင်းတစ်မျိုးလည်း ဖစ်နိုင်ပါတယ်။ ဒါမှ မဟုတ် အနော်ဂေါက်နေတာလည်း ဖစ်နိုင်တယ် :DContinue reading

အနအရွ ရောင်စုံထွန်းတဲ့ ည သီးသန့်  (ဒါမှဟုတ်) တစ်ချို့ တစ်ဝက် ။
ရွေးခြယ်ယူလို့ ရတဲ့ အရာတွေ ရှိတယ်။
ဒါပေ့ မယ် သဘာဝ ရုပ်ကြွင်းတွေ … အသက်ဝင်ကြတယ်…
လမ်းတစ်လျှောက်လည်း အလှပြင်ဆိုင်တွေ ပြည့် လို့ …. ။
လူတွေက…
ခပ်တောင့်တောင့်၊ ခပ်ဖြောင်ဖြောင့်တွေနဲ့ များ…
လမ်းသလားနေ ချင်ကြသလား? …
ဒါဆို “တုတ်” ဂေါက်လေးတွေ ဆောင်ထားဖို့ လိုမယ်….။

Sunday ရဲ့ ညနေခင်းတစ်ခုမှာ ကိုယ်တို့  Ticket နှစ်ခုရခဲ့ တယ်။
တစ်စုံတစ်ခုက ကြည်နူးမှုတွေနဲ့ အတူတကွ ကိုယ့် အိမ်တံခါးဝကို လာခေါက်ခဲ့ တယ်လေ။
ပျော်ရွှင်မှု တစ်ချို့ ဟာ … မင်းနှုတ်ခမ်းပါးက ဆည်းလည်းသံလိုမျိုး ခုန်ချကြတယ်။
မျက်ဝန်းတွေကို အပြုံးတွေနဲ့ ပြည့် လို့ ….လူတွေကြားထဲကို တိုးတယ် …
မိုင်တိုင်တွေ ဝေးကွာလည်း ကိုယ်တို့ လက်တွေ မဖြုတ်ခဲ့ ဖူး ….
ပြေးရင်း၊ လွှားရင်းနဲ့ ခလေးဘ၀က အလှတွေကို ငါ သင်္ချာတွတ်တယ်…
မင်းရဲ့ အသားအရေဟာ … ပုလဲလုံးတွေ ခင်းထား သလိုပဲတို့ ၊ ဘာတို့ ၊ ညာတို့ ။
စိတ်ဝင်စားမယ်ဆိုရင်ပေါ့။
သကြားလုံးနဲ့ တူတဲ့ နှင်းဆီငုံလေးတွေလည်း… တစ်ခါတစ်ရံ ၀ယ်လို့ ရတယ်။
ဆိုင်ရှင်တွေကတော … သိတဲ့ အတိုင်း 24 နာရီပတ်လုံး … ဂျိုကာ သရဖူတွေ ဆောင်းထားလိုက်တာ …
ကြည့် မကောင်း…ရှု့ မကောင်း … ။
ဂျစ်တစ်တစ်နဲ့ … ချာတိတ်လေးတစ်ယောက်ဟာလည်း တကယ်ကို ဆိုး တယ်။ Continue reading

ယနေ့ က … နေစောင်းတာနဲ့ တင် … ရာသီဥတုက အချိုးမကျ၊ တကျ …ပြောင်းလဲ လိုက်တာ။
အိမ်တိုင်း၊ အိမ်တိုင်းဟာ …. အလုံပိတ်တံခါးတွေနဲ့ အစိုထိမ်းကိရိယာတွေကို တပ်ဆင်ထားတယ်။
 မြို့ ပြတစ်ခုကတော့ … အရင်အတိုင်း မြို့ ဟောင်းတစ်ခုကို ရထား…စီးလို့ ။

ဟို တစ်နေ့ က တဒင်္ဂ အနမ်းတွေ မိုးပေါ်က ကြွေကျ။
ငါ ကားဂိတ်မှာ ကောက်ရှူလိုက်ရတာ… မြင်လို့ တောင်မကောင်းဘူး။
နောက်ဆုံးတော့ … နှလုံးသား တစ်ဝက်ကို အပြုံးပေါ်က မှဲ့ နက်နက်လေး တစ်လုံး ပြိုကျခဲ့ တယ်…။
ရင်ခွင်တစ်ခုလုံးဟာ…. “၀ုန်း” ခနဲ ခုန်လို့ … “အား … လက်တွေလည်း တုန်လိုက်တာ” ။

မနေ့ ကတော့  အဖြူရောင်ကောင်းကင်ပေါ်မှာ တိမ် စိမ်းစိမ်းလေးတွေ ၀ဲတယ်။
လိပ်ပြာ လှလှလေးတွေ ပျံတယ်။ ပန်းခင်း လှလှလေးတွေ တွေ့ တယ်။ Continue reading

ဒါဟာ…
နောင်တ မရတဲ့ 
ငမိုက်သား အပြစ်…
“Fuck You” အဖြစ်
ငါ့ကို ငါဟာ… စပ်ဆိုလိုက်တယ်…။

လောကက တန်းတူထားတယ်
ချိန်ခွင်ညီတယ်။
ဈေးသည် အလေးခိုးတာ..ငါနဲ့ မဆိုင်ဘူး။
ကြက်သည် ရေထိုးတာလည်း… ငါ ဘာမှ မသိဘူး။
ဘာပဲ ပြောပြော … ဘ၀က
ကိုယ့် ဂစ်တာကြိုး ကိုယ်ဝယ်၇တာချည်းပဲ…
မေတ္တာရှေ့ ထား … ဂရုဏာတွေနဲ့ 
မကြာခဏ ၀င်လာတဲ့ …
အိမ်ရှေ့ ခန်းက… လေပြေအေးလည်း
တဒင်္ဂ …. ပဲ။ Continue reading

ပူအိုက်စပ်တဲ့ နေ့ တစ်နေ့ က လမ်းမပေါ်မှာ အလင်းရောင်တွေ ဖြန့် ကျဲလွန်းတယ်။
လူတိုင်းဟာ…. ကိုယ်စီ၊ ကိုယ်စီ အအေးပေး လက်မှုပညာကို ခတ်တယ်။
မုန်တိုင်းတွေ လောက်တော့ … မကြမ်းတမ်းပါဘူး။
သို့ ပေ့ မယ်…. ချွေးတွေကို တိတ်စေတယ်။

မနက်တစ်ခုရဲ့ ဈေးမနက်ခင်း ….
စားသုံးကုန်တွေ အပြင်… တိုလီမိုလီတွေလည်း ရတယ်။
အားလုံးကတော့ … သိုလှောင်ပီး.. အသုံးပြုရမဲ့ အရာတွေချည်းပါပဲ…။
သင့်တာလေးတွေ ရွေးမယ်…
လိုအပ်တာလေးတွေ ရှာမယ်…
လုပ်ချင်တာလေးတွေ လုပ်ကြတယ်…
နောက်ဆုံးတော့ လည်း.. အလာပ၊ သလာပ ပြောရင်း…
မုန်းဟင်းခါးတစ်ပွဲလောက်နဲ့ … အလုပ်မဖြစ်သွားတဲ့ သူတွေလည်း ပုံလို့ …
ကိုယ့် အတွတ်ကတော့ … ကြုံရာပါပဲ
အသုံးမလိုတဲ့ .. စုဗူး တစ်ခုကို ရင်ခွင်ပိုက်ရင်း….။ Continue reading

အမှာစာ

အနော် အလုပ်ကိစ္စနှင့် နယ် ပြန်သွားပါသဖြင့် ဆိုဒ်တွင် Post များ ပြတ်လပ်မည် ဖြစ်ကြောင်း...။ လာရောက် ဖတ်ရှု့ သော စာဖတ်ပရိတ်သတ်များ အားလုံး စိတ်ကျန်းမာ၊ ကိုယ်ချမ်းသာကြပါစေလို့  ဆုတောင်းပေးရင်းနှင့်

ငဇူး

www.zuzuaung.net

!Like Me!

FB Activity Feed

FB Live Stream