Massage ပေါင်း 800 ကျော်တဲ့ အထိ
Phone Call ပေါင်း 500 ကျော် အထိ
စကားလုံးပေါင်း သိန်းသန်းကုဋေ ကျော်တဲ့ အထိ…

နေ့ ရက်ပေါင်းများစွာ
နှလုံးသားနံရံမှာ မှတ်တမ်းတွေကို  
လတ်လတ်ဆတ်ဆတ် ချရေးတယ်
နောက်ဆုံးတော့ …
သူမ…
ခြေဖ၀ါး လှလှလေးတွေနဲ
နင်းခြေ ဖျက်စီး သွားတာချည်းပါပဲ…

သို့ ပေ့ မယ်
ခြောက်ကပ်နေတဲ့ မျက်ဝန်းတစ်စုံနဲ့ 
ချောင်ကျနေတဲ့ မျက်တွင်း တစ်စုံ…
ထို့ နောက် …
သွေးလည်ပတ်မှု မရှိတော့ တဲ့ 
ခန္ဓာကိုယ် တစ်ခုက တစ်ဆတ်ဆတ်တုန်လို့ 
ချစ်ရသူ …
သူမကို ….. တမ်းတနေတုန်း။

နားလည်မှု … အားပေးမှု
ကူညီမှု နဲ့ ခင်မင်မှု…
ထို့ နောက် …  ပျော်ရွှင်မှု တော်တော်များများကို  
အနာဂတ်နဲ့ အတူ အပ်နှင်းဖို့ အတွတ် ….
ကိုယ့် ရဲ့ ဘွဲနှင်းသဘင်ခန်းမက
အဆင့်သင့်ကို မဖြစ်သေးတာ။

ရည်ရွယ်ပြီး လုပ်ခဲ့ တယ်
မရည်ရွယ်ပဲ လုပ်ခဲ့ တယ်
“Sorry” ဆိုတဲ့ အရာတွေ တွေ့ တယ်
“ဘယ်ရယ် မဟုတ်ဘူး” ဆိုတဲ့ အထာတွေ ပြတယ်…
“ပါးပါးလေး ပုတ်လိုက်တာပါ”
ဒါပေ့ မယ် … အဲဒီနေ့ မှာ
ကိုယ်… သေဆုံးသွားတယ်…
အခုထိတိုင်လည်း…
သူမ …. “မရည် ရွယ်ပါဘူး”
ဒါပေ့ မယ် …
ကိုယ်  ရှင်သန်မှုတွေ ပျောက်ဆုံးသွားတယ်။

ဘ၀က ခါးတယ်
ကော်ဖီသောက်ရင်း သတိလစ်တယ်
နှင်းဆီခူးရင်း လက်တွေ ဆူးတယ်
လမ်းတွေ လျှောက်ရင်း ခလုတ်တွေ တိုက်တယ်
အားလုံးဟာ….
သူမ “စိတ်” နဲ့ ….. ။

ကိုယ် ယိမ်းတိမ်းတိမ်းနဲ့ အိမ်မက်တွေ မက်တယ်
တစ်ချက် တစ်ချက် လန့် လန် နိုးတယ်
တစ္ဆေခြောက်တဲ့ ညနက် တစ်ခုလို ရေတွေ ငတ်တယ်…
အရူးတစ်ယောက်လို ဖြေသိမ့် စရာတွေကို ရှာတယ်….
ကိုယ့် ရင်ထဲက အချစ်နတ်ဖုရား ကိုယ်တိုင်ကိုက
ငြိမ်သက်လို့ ….။

သို့ ပေ့ မယ်…
သူမနဲ့ တွေ့ တိုင်း ….
ဂျိုကာ တစ်ယောက်လို ငါ
ပြုံးဖြဲဖြဲနဲ့ … ဟန်ဆောင်ပြတယ် …
ရုပ်သေးရုပ်လို…
အပြုံးမရှိတော့ တဲ့ 
နှလုံးသား သက်သက်နဲ့ ကတယ်…
နောက်ဆုံးတော့ လည်း …
ကိုယ် ၀ိဥာဉ်ကို ကိုယ်ပြန်စတေးပြီး
ဝဋ်တစ်ခုကို ပေးဆပ်ခဲ့ တယ်…
ဒဏ်ရာ အထပ်ထပ်နဲ့ ….
ချစ်စိတ် ကို ထုတ်တယ်…
ထို့ နောက်
ပါဆယ် အဖြစ် ထုပ်တယ်…
ချစ်ရသူ သူမဆီ ပို့ တယ်…
ချစ်ရသူ သူမ … ပျော်ရွှင်ပါစေတော့ …။

ဘာပဲ ပြောပြော……
အခုထက်ထိ ရင်ခွန်နန်းမှာ
သတိရတိုင်း … စိမ်းလန်းနေတုန်း
တမ်းတ မိတိုင်း … အေးချမ်းသွားတုန်း
လွမ်းစိတ်ဖစ်တိုင်း … သာယာနေတုန်း
ရေသောက်မြစ်တွေ မရှိတော့ ပေ့ မယ်လည်း
အတု သက်သက် ချည်း အသက်ရှင်တယ်…
ကဗျာပျက်မဲ့ ညထက်
ကမ္ဘာပျက်မဲ့ ညထက်
နှလုံးသား ပျက်မဲ့ ည ကို ပိုကြောက်မိတယ်
ဦးနှောက်ထဲမှာ မရှိတော့ ပေ့ မယ်
ငိုသံကြားတဲ့  ဟိုတစ်ညက
ရင်ခုန်နှုန်းတွေက ပြောတယ်
“ဆက်ချစ်နေတုန်း” တဲ့ လေ။
ငဇူး

…………………………………………………………………………..

5 Responses to သူမ… ပျော်ရွှင်ပါစေတော့ …

  • Myat says:

    နှလုံးသား ပျက်မဲ့ ည ကို ပိုကြောက်မိတယ်
    ဦးနှောက်ထဲမှာ မရှိတော့ ပေ့ မယ်
    ငိုသံကြားတဲ့  ဟိုတစ်ညက
    ရင်ခုန်နှုန်းတွေက ပြောတယ်
    “ဆက်ချစ်နေတုန်း” တဲ့ လေ။

    အရမ်းကြိုက်တယ် အဲ့စာသားကို :)

  • ဘာနေ says:

    အချစ်ညှောင့်က အသည်းထောင့်မှာ စူးနေတော့
    နှုတ်လေ နက်လေ .. ပိုခက်လေပါပဲ .. ။
    ဝဋ်ရှိသ၍တော့ ခံပေအုံးတော့ပေါ့ကွာ ..
    ဓူဝံကြယ်လင်းလက်လာတဲ့ တနေ့ .. မင်းလက်မ ထောင်နိုင်လာပါလိမ့်မယ်
    ချစ်လျှက်နဲ့ ဆက်ချစ်နေအုံးပေါ့ ..
    ဘာဖြစ်ဖြစ် ချစ်နေရခြင်းဟာ တန်ဖိုးမမဲ့ပါဘူးတဲ့ .. ။

    ( ဟီး .. ကဗျာ အရှိန် ပါသွားတယ် )

  • တမ်းတ says:

    အားလုံးနီးပါကောင်းပါတယ်။ ကြိုက်လည်းကြိုက်ပါတယ်။တခါတလေယူသုံးပါရစေ။လိုအပ်ရင်ပါ………။ ဆက်ရေးပါလက်ခံလို.ရပါတယ်။

  • zuzu says:

    ဟုတ်…ယူပါခင်ဗျ။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

အမှာစာ

အနော် အလုပ်ကိစ္စနှင့် နယ် ပြန်သွားပါသဖြင့် ဆိုဒ်တွင် Post များ ပြတ်လပ်မည် ဖြစ်ကြောင်း...။ လာရောက် ဖတ်ရှု့ သော စာဖတ်ပရိတ်သတ်များ အားလုံး စိတ်ကျန်းမာ၊ ကိုယ်ချမ်းသာကြပါစေလို့  ဆုတောင်းပေးရင်းနှင့်

ငဇူး

www.zuzuaung.net

!Like Me!

FB Activity Feed

FB Live Stream