ယနေ့  ပျော်၏
စိတ်ထဲတွင် အပူအပင်မရှိ၊
သံယောဇဉ်တွေ ကုန်၏
ပူဆွေးမှုတို့ လွန်၏
တမ်းတမှုတို့ နိတ္ထိ
ရင်ထဲတွင် ဗလာသာ ကျန်၏…
ထို့ ကြောင့် … ပျော်၏…။

နှလုံးသားသည် ရှိမြဲအတိုင်း
update ဖြစ်၏
မလိုလားအပ်သော Virus ကင်း၏
မရှင်းဖြစ်သော Program တစ်ချို့ သည်
အကောင်းပကတိ အလုပ်လုပ်၏
ထို့ နောက် အသစ်ဖြစ်သော..
အဆုတ်တို့ သည် …
အေးမြသော…လေကို ရှူကြကုန်၏
ထို့ ကြောင့် ပျော်၏..။

မနက်စောစော…
နွေးထွေးမှုရှိသော အရပ်မှ
ကော်ဖီ ပူပူ တစ်ခွက်လာ၏
မေတ္တာရှိသော… မိသားစု တစ်စု၏
အရိပ်တို့ ကို ခိုလှုံခွင့်ရ၏
ပြည့်စုံခြင်း Morning ကို
ကိုယ်…
သိမြင်ခွင့်ရ၏….
ထိတွေ့ ခွင့်ရ၏….
ခံစားခွင့်ရ၏ …
ထို့ ကြောင့် …
လောက ကို ကျေးဇူးတင်၏
ထို့ နောက် … ပျော်၏..။

အပျော်တို့ သည် မကုန်နိုင်သောကြောင့် မျှ၏…
အပြုံးတို့ ကို ယူပါ
အရယ်.. အမောတို့ ကို ယူပါ
ဘ၀အမောတွေ ပြေပါ…
မျက်ဝန်းတို့ မှ မျက်ရည်ကို သုတ်ပါ
တစ်ခါတစ်ရံ …
သင်တို့ အတွတ် ကျွန်ုပ် …
တယောတစ်ပုဒ်လောက်
တီးခတ်ပါရစေ…
နှလုံးသားနှင့် နားထောင်ပါ
ရင်ခုန်သံဖြင့် စည်းချက်လိုက်ပါ
တွေးတောမှုတို့ ဖြင့် ကြည်နူးကြည့် ပါ
ငြိမ်ငြိမ်သက်သက် စီးမျောကြည့် ပါ
စမ်းရေသံတွေလည်း တစ်သွင်သွင် စီးလို့ …။

ကမ္ဘာမြေသည် နှင်းရေနှင့် စိုစွတ်နေသည်
မကြာခင် ရောင်နီလာသည်…
အနွေးဓါတ်သည် ခန္ဓာကိုယ် သို့ စီး၏..
ထို့ နောက်… နွေးသည်
ထို့ ကြောင့် ပျော်၏။

ငဇူး
………………………………………….

One Response to အပျော်တို့ ကို … မျှ၏

  • myitthathar says:

    ကောင်း၏
    ထို့ကြောင့်…ဖတ်၏
    ဖတ်ပြီး ပျော်၏

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

အမှာစာ

အနော် အလုပ်ကိစ္စနှင့် နယ် ပြန်သွားပါသဖြင့် ဆိုဒ်တွင် Post များ ပြတ်လပ်မည် ဖြစ်ကြောင်း...။ လာရောက် ဖတ်ရှု့ သော စာဖတ်ပရိတ်သတ်များ အားလုံး စိတ်ကျန်းမာ၊ ကိုယ်ချမ်းသာကြပါစေလို့  ဆုတောင်းပေးရင်းနှင့်

ငဇူး

www.zuzuaung.net

!Like Me!

FB Activity Feed

FB Live Stream